Sunday, July 7, 2019

Brazil အသင်းကို Peru အသင်း အနိုင်ရရှိသွားနိုင်တဲ့ အချက်(၃)ချက်

Brazil အသင်းနဲ့ Peru အသင်းတို့ရဲ့ Copa America ဖလား Final နောက်ဆုံးပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန်မနက် ၂နာရီခွဲ တိတိ Brazil နိုင်ငံ၊ Rio de Janeiroမြို့ရဲ့ လူပေါင်း ( 78,838 ) ဦးဆံ့တဲ့ Maracanã ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာပါ။

Peru အသင်းက ဒီနှစ် Copa America ဖလား အုပ်စုပွဲစဉ်တွေမှာ Bolivia တစ်သင်းတည်းကို
အနိုင်ရရှိခဲ့ပြီး Brazil အသင်းကို (၅)ဂိုးပြတ်ရှုံးနှိမ့်ခဲ့တယ်။ ဒါ့ပေမယ့် Peru အသင်း ရမှတ်(၄)မှတ်နဲ့ အကောင်းဆုံး တတိယအသင်းတစ်သင်း ဖြစ်ခဲ့လို့သာ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့တာပါ။

(၁၆)သင်းအဆင့်ပွဲစဉ်မှာလည်း Uruguay အသင်းကို ပင်နယ်တီကံတရား အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး Semi-Final ထပ်မံရောက်ရှိခဲ့တယ်။ လက်ရှိ ချန်ပီယံ Chile အသင်းနဲ့ Semi Final ပွဲစဉ်မှာတော့ Chile အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းချက်အသာ၊ ဂိုးပေါက်တည့်မှုအသာ၊ တွေရယူထားနိုင်ခဲ့ပေမယ့် Peru အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်း လုံးဝမရှိပါဘူး။

ဒါပေမယ့် Peru အသင်းကတေ့ ဂိုးပေါက်တည့်မတ်မှု (၃)ကြိမ်မှာ (၃)ကြိမ်စလုံး ဂိုးအဖြစ်ပြောင်းလဲခဲ့ပြီး Final အဆင့်ကို အခုလို ထိုက်ထိုက်တန်တန် တက်လှမ်းခဲ့ပါတယ်။

အခုတော့ အိမ်ရှင် Brazil အသင်းနဲ့ မထင်မှတ်ဘဲ Copa America Final အဆင့်မှာ ထပ်မံ တွေ့ဆုံကြရပြန်ပါပြီ။ ဒီတွေ့ဆုံမှုမှာတော့ ဘယ်သူတစ်ယောက်ကမှ မိုက်မဲစွာနဲ့ Peru အသင်းဘက်ကနေ ရပ်တည်ကြမှာတော့ မဟုတ်လောက်ဘူး။ ဒါကြောင့် ကျွန်တော်ဒီနေ့ ပွဲစဉ်သုံးသပ်ချက်ထက် Peru အသင်း Champion ဖြစ်သွားနိုင်တဲ့ အကြောင်းပြချက်တချို့ကို ရှာဖွေ ဖော်ထုတ်သုံးသပ်ချင်ပါတယ်။

1) Peru ဘောလုံးအသင်းအတွက် ကံအကောင်းဆုံးကာလ ရောက်ရှိလာခြင်း

အနှစ် (၃၀)ကျော်ကြာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရတဲ့ Peru အသင်း ပြီးခဲ့တဲ့ (၂၀၁၈)ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တယ်။ (၁၉၇၀)ခုနှစ်ကျော်နောက်ပိုင်း Copa America Final နဲ့ ဝေးကွာနေခဲ့ရတဲ့ Peru အသင်း (၂၀၁၁) ခုနှစ်မှာ Copa Americá ဖလား Final အဆင့်ကို ပထမဆုံး ပြန်လည် ရောက်ရှိခဲ့ပြီး အခုဒုတိယတစ်ကြိမ် ရောက်ရှိလာပြန်တယ်။

အပေါ်က ပြောခဲ့တဲ့ အချက်အလက်တွေအတိုင်းပဲ Peru အသင်းအနေနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရတော့မလို ဖြစ်ခဲ့ပြီးမှ Final အဆင့်ထိတောင် တက်လှမ်းလာနိုင်ခဲ့တာက သိပ်ကို ဆန်းကြယ်လှပါတယ်။

2016ခုနှစ်မှာ Leicester အသင်းက ကံတရားရဲ့ဖေးမမှုများစွာနဲ့ Premier League ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ သာဓကလည်း ရှိခဲ့ဖူးတယ်။ ဒီလို ကာလတိုပြိုင်ပွဲတွေမှာ Peru အသင်းအတွက် ပိုတောင်အခွင့်အရေးများနေပြီး တစ်ဖက်အသင်းထက် ဖိအားကင်းကင်း ကစားနိုင်တာမလို့ ဒုတိယ Leicester ထပ်ဖြစ်လာမလားဆိုတာကတော့......။

2) Brazil အသင်းကို ရှုံးနှိမ့်ခဲ့တဲ့ ပွဲစဉ်ကနေ သင်ခန်းစာရပါလိမ့်မယ်

အသင်းတစ်သင်းကို ၅ဂိုးပြတ်နဲ့ ရှုံးနှိမ့်ခဲ့ရတာဟာ တော်တော်လေးရှက်စရာကောင်းပြီး လက်ခံနိုင်ဖို့ အတော်လေး ခဲယဉ်းနိုင်ပေမယ့် ဒီလိုပွဲစဉ်တွေကနေ အတွေ့အကြုံအများကြီးရရှိပါလိမ့်မယ်။ ဒါကြောင့် ပြီးခဲ့တဲ့ Semi-Final ပွဲစဉ်က Peru အသင်း ဂိုးကန်သွင်းချက် (၉)ကြိမ်၊ ဂိုးပေါက်တည့်မတ်မှု (၃)ကြိမ်ကနေ (၃)ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာက သူတို့ရဲ့ တိုးတက်မှုတွေပါပဲ။

ဒါ့အပြင် Brazil အသင်းနဲ့ ပွဲစဉ်ကနေရရှိခဲ့တဲ့ ခံစစ်ပိုင်းအပေါက်အပြဲတွေကို Uruguay အသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံး ပြန်လည်ပြင်ဆင်ခဲ့ပြီး ခံစစ်(၃)ထပ်ပုံစံမျိုးနဲ့ ပိတ်ကစားကာ နောက်ဆုံး Penalty အဆုံးအဖြတ်အထိ ရောက်ရှိစေခဲ့တယ်။ ဒါကလည်း Peru အသင်းရဲ့ ခံစစ်ပိုင်းတိုးတက်မှုတွေပါပဲ။

3) Ricardo Gareca တစ်ယောက် ဘာတွေလုပ်ရမလဲဆိုတာ သိနေတယ်

Peru အသင်းရဲ့ အာဂျင်တိုင်းသားနည်းပြ Ricardo Gareca တစ်ယောက်က ဘောလုံးဉာဏ်ရည် သိပ်ထက်မြတ်တဲ့ ရွက်ပုန်းသီးနည်းပြတစ်ယောက်ပါပဲ။ လက်ရှိ အားနည်းလှတဲ့ လူစာရင်းမျိုးနဲ့ Peru အသင်းကို ကမ္ဘာ့ဖလားအရောက် ပို့ဆောင်ပေးခဲ့ပြီး အခုနောက်တကြိမ် Copa-America ဖလား Final ကို ထပ်မံပို့ဆောင်ပေးလိုက်ပြန်ပါပြီ။ ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ ရလဒ်တွေကို နိုင်ငံအသင်းမှာတင်မက Velez Sarsfield ကလပ်အသင်းကို ကိုင်တွယ်ခဲ့တုန်းကလည်း လုပ်ပြခဲ့ပါသေးတယ်။

Chess ကစားသမားတစ်ယောက်လို ဘောလုံးဉာဏ်ရည်ထက်မြတ်လှတဲ့ Gareca ရဲ့ ပွဲထုတ်လာမယ့် ကစားကွက်တွေက သူတို့အသင်း ချန်ပီယံဖြစ်စေဖို့ အဓိက အခရာကျနေပါလိမ့်မယ်။ သေချာတာကတော့ ဒီပွဲမှာ Peru အသင်း ခံစစ်ကစားဖို့ရှိပြီး ဘယ်လိုအဆင့်အတန်းမြင့်မားတဲ့ ခံစစ်ကစားပုံတွေနဲ့ ရင်ဆိုင်သွားမလဲဆိုတာကတော့ Ricardo Gareca အပေါ်မှာ မူတည်နေပါတယ်။

ဒါ့အပြင် Gareca အနေနဲ့ လက်ရှိ Copa America ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး Paolo Guerrero နဲ့ အတောက်ပဆုံးကစားသမား Jefferson Farfan တို့ကို ပိုင်ဆိုင်ထားတာကလည်း ကံကောင်းခြင်းလက်ဆောင်တွေပါပဲ။

"ပွဲအတွင်း မျှော်လင့်ချက်များ"

Brazil အသင်းနဲ့ Peru အသင်းတို့ရဲ့ ပွဲစဉ်မှာ Brazil အသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ရင်တောင် Peru အသင်းအတွက် အခွင့်အရေးတွေ အများကြီးရှိဦးမှာပါ။ အထူးသဖြင့် Set Piece တွေကနေ ဂိုးပြန်သွင်းယူကောင်း၊ သွင်းယူနိုင်ပါလိမ့်မယ်။ တကယ်လို့ Brazil အသင်းက (၂)ဂိုးသွင်းယူခဲ့ပြီဆိုရင်တော့ Peru အသင်း Copa America Final ပွဲစဉ်ထပ်ရောက်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ရပါလိမ့်မယ်။

နေ့စဉ်ဘောလုံးပွဲကောင်းတွေကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့....
အင်တာနက်ခေတ်မှာ အပြင်ထွက်ဒိုင်လိုက်ရှာနေစရာမလိုအောင် M Sports မှ အွန်လိုင်းအကောင့်များ ဖွင့်ပေးနေပါတယ်...

🤝ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် အနဲဆုံးဈေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်

အွန်လိုင်းဘောလုံး ကစားခြင်း အားသာချက်များကတော့....
💯 ညနက်ပွဲများ မကစားရမှာကို ပူပင်နေစရာမလို
💯 ပေါက်ကြေးများ အချိန်နှင့်တပြေးညီ သိနိုင်ခြင်း။
💯 ဒိုင် စောစောပိတ်မှာကို မပူရပဲ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုပဲ အချိန်မရွေးကစားနိုင်ခြင်း။
💯 တစ်ပတ် ကို ပွဲပေါင်း ၁၅၀၀ ကျော်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားခြင်း။
💯 နေ့စဉ် ငွေထုတ်လို့လဲရခြင်း။
💯 အကောင့်ဖွင့်ခ လုံးဝပေးစရာမလို...
💢 အပြင်ကြေးမဖွင့်ခြင်း ပွဲချိန်မမှီခြင်း များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမှာ မပူရတော့ပါဘူး 💢
ငွေသွင်းထုတ် #KBZ #KBZ_Pay #CB #Aya #Wave_Money တို့ဖြင့်တရက်တကြိမ် ကြိုက်သလောက်ပမာဏထုတ်နိုင်ပါတယ်..

🙋‍ ခုပဲ M Sports နဲ့ ဆက်သွယ်ပြီး Professional ဆန်ဆန် စတင်လိုက်ကြရအောင်ပါ...

စိတ်ပါဝင်စားရင် အချိန်မရွေး Hi လိုက်ပါ
Phone📱09424651942
Viber💬 +959424651942
messenger 💬 m.me/ibet789.Msports
Web 🌍 https://goldensportmm.com/
ဝန်ဆောင်မှုက M Sports အလုပ်ဖြစ်ပြီး..အရှုံးအနိုင်ကတော့ မန်ဘာကိုယ်တိုင်ရဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင် မိတ်ဆွေများအားလုံး Good Luck ပါ...

#ပွဲကြိုသုံးသပ်ချက်

No comments:

Post a Comment