" တောင်အမေရိကတိုက်ရဲ့ အကျော်ကြားဆုံး ဘရာဇီးစီးရီးအေ ပွဲစဥ်တစ်ပွဲ "
ဆန်းတို့စ် နဲ့ ဗက်စကိုဒဂါးမား တို့ရဲ့ ဘရာဇီး စီးရီးအေ ပြည်တွင်းအမှတ်ပေးလိဂ်ပွဲစဥ် (၇) ကို မနက်ဖြန် မြန်မာစံတော်ချိန် မနက် (၇)နာရီတိတိ၊ ဆန်းတို့စ်အိမ်ကွင်းမှာ ယှဥ်ပြိုင်ကစားကြတော့မှာပါ။
လက်ရှိအချိန်မှာတော့ ဆန်းတို့စ်အသင်းဟာ (၆)ပွဲကစား ရမှတ်(၇)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၀)နေရာ ရပ်တည်နေပြီး ဗက်စကိုဒဂါးမားကတော့ (၅)ပွဲကစား ရမှတ် (၁၀)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာမှာ ရပ်တည်နေပါတယ်။
" ဆန်းတို့စ် "
1️⃣ ပွဲစဥ်(၂)ပွဲဆက်တိုက် ရှုံးနှိမ့်ခဲ့မှုကြောင့် ဆန်းတို့စ်ဟာ အခုလို အမှတ်ပေးဇယားအလယ်အလတ်နားအထိ လျှောကျသွားခဲ့ရပါတယ်။
2️⃣ ပြီးခဲ့တဲ့ ဖလာမီဂိုအသင်းနဲ့ပွဲစဥ်မှာ ဆန်းတို့စ်အသင်းရှုံးနှိမ့်ခဲ့ရပေမယ့် တိုက်စစ်ဆင်မှု (၂၂)ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီး ဂိုးပေါက်(၅)ကြိမ်တည့်မတ်ထားခဲ့တယ်။
3️⃣ ဆန်းတို့စ်အသင်း အားထားရတဲ့ ကွင်းလယ်လူ အလီဆန်ဟာ ပြီးခဲ့တဲ့ ပယ်လ်မီးရက်စ်နဲ့ပွဲစဥ်မှာ အနီကဒ်အပြခံထားရတာကြောင့် ဒီနေ့ပွဲကိုဆက်လက်လွှဲချော်ဦးမှာပါ။
4️⃣ လက်ရှိ ဆန်းတို့စ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကတော့ အသက်(၃၀)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး မာရင်ဟိုဖြစ်ပြီး ဒီရာသီ ဘရာဇီးစီးရီးအေရဲ့ စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။
" ဗက်စကိုဒဂါးမား "
1️⃣ ဗက်စကိုဒဂါးမားကတော့ ၂၀၁၇ ခုနှစ် ဘောလုံးရာသီကမှ တန်းတက်လာခဲ့ပေမယ့် ဘရာဇီး စီးရီးအေပြိုင်ပွဲရဲ့ အလယ်အလတ် အသင်းတစ်သင်းအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။
2️⃣ ဒီရာသီလည်း အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ (၁)ပွဲတည်းရှုံးထားပြီး (၁)ပွဲလျော့ကစားကာ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်ထားပါတယ်။
3️⃣ Clean Sheets လည်း (၃)ပွဲအထိရရှိထားပြီး အသင်းရဲ့ တိုက်စစ်မှူး ကန်နို နဲ့ ကွင်းလယ်လူ ဘတ်စတို့စ်တို့က ရဂိုး (၃)ဂိုးစီရရှိထားပြီး အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားတွေဖြစ်ကြပါတယ်။
4️⃣ ဘယ်တောင်ပံတိုက်စစ် မက်နိုဟာ ပြီးခဲ့တဲ့ ဖလူးမီးနက် နဲ့ပွဲစဥ်မှာ အနီကဒ်အပြခံခဲ့ရတာကြောင့် ဒီနေ့ပွဲစဥ်ကို သေချာပေါက်လွှဲချော်တော့မှာပါ။
" နည်းစနစ်ပိုင်း သုံးသပ်ချက် "
SANTOS - ဆန်းတို့စ်အသင်းနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံးပွဲစဥ်ရဲ့ Highlight ကို ပြန်ကြည့်ရရင် ဒီရာသီ ခံစစ်ပိုင်းအားနည်းမှုတွေအတော်ကလေးများနေတာကို တွေ့ရပါလိမ့်မယ်။ လူကပ်ကစားမှု ညံ့ဖျင်းတာတွေ၊ တိုက်စစ်ပိုင်းအလွန်အကျွံလိုက်ပါပြီးတဲ့အခါ ခံစစ်ကစားပုံ ပျက်သွားတာတွေဟာ တိုက်စစ်ကောင်းတဲ့ အသင်းနဲ့တွေ့ရင် အတော်စိုးရိမ်စရာပါပဲ။
လက်ရှိမှာလည်း ဆန်းတို့စ်အသင်းထက် ပေးဂိုးအရေအတွက် ပိုများတဲ့အသင်းဟာလည်း (၄)သင်းတည်းသာ ရှိပါတယ်။ နောက်ပြီး ဆန်းတို့စ်ဟာ ဒီရာသီ 4-3-3 ကစားကွက်ကို အဓိကခင်းကျင်းပြီး တိုက်စစ်အသားပေးကစားဟန်ကို ပုံဖော်လေ့ရှိပေမယ့် အဆုံးသတ်မှုအပိုင်းတွေမှာ အားနည်းချက်တွေရှိနေဆဲပါ။
VASCO DA GAMA - ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ Vasco da Gama ဟာ နည်းပြ Menezes ရဲ့ 4-1-4-1 ကွင်းလယ်လူအထိုင်ကစားကွက်နဲ့ အဓိကထားပုံဖော်နေတာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုပိုင်းကိုလည်း အသားပေးကစားလာတာ တွေ့ရပါလိမ့်မယ်။
" ပေါက်ကြေး "
လက်ရှိပေါက်ကြေးအရ ဆန်းတို့စ်ကို ကြေးကြောပေးထားပြီး သရေအရှုံးပေးထားခြင်းဟာ သိပ်မျှတတဲ့ ကြေးဖွင့်မှုလို့ မဆိုနိုင်ပါဘူး။
╔═══════════════════╗
Online ဘောပွဲကစားမယ်ဆိုရင်
☑️ 𝐢𝐛𝐞𝐭𝟕𝟖𝟗 ⚽
☑️ 𝐦𝐛𝐞𝐭 𝟑𝟔𝟗 ⚽
☑️ 𝐬𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝐬𝟑𝟔𝟓 ⚽
တယူနစ် ၁၀၀၀ ကျပ်
ကြိုက်နှစ်သက်တာ ကစားနိုင်ပါတယ်။
╚═══════════════════╝
╔═══════════════════╗
အွန်လိုင်း အေးဂျင့်အဖြစ် လုပ်ကိုင်မယ်ဆိုရင်
☑️ 𝐢𝐛𝐞𝐭𝟕𝟖𝟗 《𝐒𝐞𝐧𝐢𝐨𝐫》 《𝐌𝐚𝐬𝐭𝐞𝐫》 《𝐀𝐠𝐞𝐧𝐭》
☑️ 𝐦𝐛𝐞𝐭 𝟑𝟔𝟗 《𝐒𝐞𝐧𝐢𝐨𝐫》 《𝐌𝐚𝐬𝐭𝐞𝐫》 《𝐀𝐠𝐞𝐧𝐭》
☑️ 𝐬𝐩𝐨𝐫𝐭𝐛𝐨𝐨𝐤𝐬𝟑𝟔𝟓 《𝐌𝐚𝐬𝐭𝐞𝐫》 《𝐀𝐠𝐞𝐧𝐭 》
စားကြောင်း ဈေးနှုန်းငြိနှိုင်းနိုင်ပါတယ်။
╚═══════════════════╝
Phone📞09424651942
Viber💬 +959424651942
Web 🌍 https://goldensportmm.com/
ကိုဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်
#ibetMyanmar #mbet369 #ibet789 #sportbooks365 #959green
No comments:
Post a Comment