" ကြေးကြည့်နည်း မှတ်စုများ " ( မြန်မာကြေးကြည့်နည်း )
ဒီနေ့မှာတော့ အမှတ်မှားနေတတ်ကြတဲ့ လောင်းကစားဝက်ဆိုက်တွေရဲ့ ကြေးကြည့်နည်းတွေအကြောင်းကို အနည်းငယ် ရှင်းပြပေးသွားချင်ပါတယ်။ မရှင်းလင်းခင် ပုံမှာပြထားတဲ့ ပေါက်ကြေးလေးကို တစ်ချက်ကြည့်ကြည့်ပေးကြပါ။
🖤 မှင်အမည်းရောင်နဲ့ ဖော်ပြထားတဲ့ ရှက်ဖီးယူနိုက်တက်အသင်းကတော့ အောက်ကြေးအသင်းဖြစ်ပြီး၊
❤ မှင်အနီရောင်နဲ့ ဖော်ပြထားတဲ့ မန်ချက်စတာစီးတီးကတော့ ကြေးကြောအသင်းဖြစ်ပါတယ်။
ကျွန်တော်တို့ Handicap ကစားမယ်ဆိုရင် Website တွေမှာ......
🇲🇲 မြန်မာကြေး နဲ့
🇲🇾 မလေးကြေး ဆိုပြီး နှစ်မျိုးဖွင့်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ မြန်မာကြေးနဲ့ ပတ်သက်တာကို အရင်ဦးဆုံး ရှင်းလင်းပေးသွားမှာပါ။
🇲🇲 မြန်မာကြေးတွေမှာ Odds(အဆ) ကို အကောက်ရာခိုင်နှုန်းလို့သတ်မှတ်ပြီး ပုံသေထားကာ ပေါက်ကြေးတွေကတော့ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ "2(97)A" က ပေါက်ကြေးဖြစ်ပြီး 0.96 ဆိုတာကတော့ Odds ( အကောက် ) ဖြစ်ပါတယ်။ ( ပုံနှင့်တွဲကြည့်ရန် )
ဒါကြောင့် မြန်မာကြေးဟာ Odds နဲ့ပတ်သက်ရင် ဘာမှခေါင်းစားနေစရာ မလိုပါဘူး။ 0.94, 0.95, 0.96, ( ၆%, ၅%, ၄% ) ဝန်းကျင်မှာပဲ လည်နေတတ်ပြီး ပေါက်ကြေးတွေကသာ ပြောင်းလဲနေမှာဖြစ်ပါတယ်။
" 2(97)A "
1️⃣ ထိုးသားက 2(97) ဒီပေါက်ကြေးနဲ့ ကြေးကြော မန်စီးတီးဘက် ယူနစ်(၁၀၀)လောင်းလိုက်ပြီး မန်စီးတီးကလည်း ရှက်ဖီးကို ၂ဂိုးပြတ်နဲ့ အနိုင်ရရှိမယ်ဆိုရင် (၉၇)ယူနစ်ကို အကောက် ၄ရာခိုင်နှုန်းနုတ်ပြီးစားရမှာဖြစ်ပါတယ်။
2️⃣ မန်စီးတီးက ၃ဂိုးနဲ့အထက် နိုင်မယ်ဆိုရင်တော့ ထိုးသားက အကောက် ၄ရာခိုင်နှုန်းနုတ်ပြီး အပြည့်စားရမှာဖြစ်ပါတယ်။ ( အများဆုံးရရှိနိုင်မယ့် ယူနစ်အမောင့်ကို စတင်လောင်းကတည်းက Maximum Payout မှာဖော်ပြထားပါတယ်။ )
3️⃣ ဒီ 2(97) ပေါက်ကြေးနဲ့ပဲ အောက်အသင်းရှက်ဖီးဘက်ကနေ (၁၀၀)ယူနစ်လောင်းပြီး ရှက်ဖီးကလည်း မန်စီးတီးကို ၂ဂိုးပြတ်နဲ့ ရှုံးနှိမ့်ခဲ့မယ်ဆိုရင် (၉၇)ယူနစ်ရှုံးမှာဖြစ်ပြီး (၃)ယူနစ်ကို ဝက်ဆိုက်က ပြန်ပေးမှာဖြစ်ပါတယ်။
4️⃣ ရှက်ဖီးက(၃)ဂိုးပြတ်နဲ့ အထက်ရှုံးမယ်ဆိုရင်တော့ ထိုးသားက တစ်ယူနစ်မှ ပြန်ရမှာမဟုတ်သလို တစ်ဂိုးတည်း ရှုံးနှိမ့်မယ်ဆိုရင်တော့ လွတ်လွတ်ကင်းကင်း ယူနစ်၁၀၀အပြည့်ကြေးအောင်မှာဖြစ်ပါတယ်။ ( အကောက် ၄ရာခိုင်နှုန်းဖြတ်ရင် ၉၆ယူနစ်ရပါတယ်။ )
5️⃣ ဒီသဘောတရားအတိုင်းပဲ Handicap ဘေးက ကော်လံမှာရှိတဲ့ ဂိုးပေါင်းလောင်းရာမှာလည်း အသုံးပြုပါတယ်။
မြန်မာကြေးရဲ့ ဒီသဘောတရားရှင်းလင်းချက်ကို အားလုံးနားလည်သဘောပေါက်ကြမယ်ထင်ပါတယ်။ မြန်မာကြေးနဲ့ ပတ်သက်ပြီး မရှင်းတာရှိရင်မေးကြပါ။ နောက်တစ်နေ့မှာတော့ လူတိုင်းအမှတ်ပိုမှားနိုင်တဲ့ မလေးကြေးကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
Ibet အကောင့်ဖွင့်မယ်ဆိုရင်
Phone 📞 09 424 651 942
Viber 💬 +959424651942
No comments:
Post a Comment