Tuesday, July 9, 2019

UCL မှာ လီဗာပူးလ်အသင်းကို ပေးခဲ့တဲ့ Penalty အဆုံးအဖြတ်လိုမျိုး Premier League မှာ တွေ့ရမှာမဟုတ်

အသစ်ထုတ်ပြန်လိုက်တဲ့ VAR စည်းမျဉ်း၊  လက်ထိဘောပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး Premier League ပရိသတ်တွေ စိုးရိမ်မှုမရှိကြဖို့၊ ဒီနှစ်ပွဲတွေမှာ နည်းပညာအကူအညီကို နည်းသမျှနည်းအောင် ရယူမယ့်အကြောင်းတွေကို ဒိုင်အကြီးအကဲတစ်ယောက်က ပြောကြားလိုက်တယ်။

လက်ထိဘော ပြစ်ဒဏ်စည်းမျဉ်းအသစ်ကို ပြီးခဲ့တဲ့
Liverpool နဲ့ Tottenham တို့တွေ့ဆုံခဲ့တဲ့ UCL Final ပွဲစဉ်မှာ စတင်မြင်တွေ့ခဲ့ရပြီး Sissoko ရဲ့ လက်ထိဘောကြောင့် ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေနဲ့ Liverpool အသင်းကို ပင်နယ်တီပေးခဲ့ရတယ်။

အလားတူဖြစ်ရပ်မျိုးကိုလည်း ပြင်သစ်နိုင်ငံမှာ လောလောလတ်လတ် ကျင်းပပြီးစီးသွားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်တွေမှာပါ တွေ့ရှိခဲ့ရတယ်။

ဒီစည်းမျဉ်းအသစ် နှစ်ခုစလုံးကို Premier League မှာ အသုံးပြုသွားဖို့ရှိနေပေမယ့် PGMOL ရဲ့ Managing Director ဖြစ်သူ Mike Riley ကတော့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုအလေးပေးသွားမှာဖြစ်ပြီး နည်းပညာအကူအညီကို လိုအပ်မှရယူမယ်လို့လည်း ပြောထားပါသေးတယ်။

" လက်ထိဘောနဲ့ ပတ်သက်ပြီး ဧရိယာသတ်မှတ်ချက်တွေကိုလည်း ကျွန်တော်တို့ စည်းမျဉ်းအသစ်မှာရေးထားပါတယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ ထိတဲ့ လက်ထိဘော ( Hand To Ball ) တွေကိုတော့ သေသေချာချာ ဆုံးဖြတ်ချက်ချသွားမှာပါ။

ဒီနိုင်ငံမှာ လက်ထိဘောတွေနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်သတ်မှတ်ချက်တွေကို နည်းပြနဲ့ ကစားသမားတွေက အမြဲလိုလို ပြောလေ့ရှိတယ်။ လက်မောင်းဟာ ဘောလုံးကစားနည်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် လက်ကို ဆန့်မထုတ်ဘဲလည်း လာထိနိုင်တယ်ဆိုတာကိုပေါ့။ ဒီလို ( Ball To Hand ) ဖြစ်ရပ်တွေအတွက် ကျွန်တော်တို့ အရေးယူဖို့မရှိပါဘူး။ "

ဆက်လက်ပြီး Riley က Champions League Final ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆလက်ထိဘော ဖြစ်တာမျိုးတွေကိုတော့ ပြစ်ဒဏ်အဖြစ် သတ်မှတ်မှာမဟုတ်ကြောင်းကိုပါ ရှင်းလင်းသွားခဲ့ပါတယ်။

" ပုံမှန်အချိန်အတိုင်းဆိုရင်တော့ ဒါဟာ Penalty ပေးရမယ်လို့ ထင်ယောင်ထင်မှား ဖြစ်စရာပါ။ တကယ်တမ်း VAR ကို အသုံးပြုပြီး ပြန်ကြည့်တဲ့အခါမှာတော့ မာနေးရဲ့ ဖြတ်တင်ဘောကို သူက တမင်လက်နဲ့ထိပြီး ကာကွယ်ချင်တဲ့ ဆန္ဒမရှိဘဲ သူ့ရဲ့နေရာသူပြန်ဝင်ယူနေရင်း မတော်တဆ လက်ထိသွားခဲ့တာပါ။

ဘောလုံးလမ်းကြောင်းကလည်း သူ့ရဲ့ Chest နေရာ သွားနေရာကနေ လက်မောင်းဆီကို လမ်းကြောင်းလွှဲသွားခဲ့လို့ သူ့အနေနဲ့ ဘယ်လိုမှမတတ်နိုင်တော့တဲ့ အခြေအနေရောက်ရှိခဲ့တယ်။ ဒီဖြစ်ရပ်တွေအကုန်လုံးကို နည်းလမ်းကျကျ ပြန်ပြီးတွေးခေါ်ကြည့်ရင် ဒါဟာ လက်ထိဘောပြစ်ဒဏ်မဟုတ်ပါဘူး။ "

နိဂုံးချုပ်အနေနဲ့ Riley က မိနစ်၉၀ကြာမြင့်တဲ့ ပွဲစဉ်တစ်ပွဲမှာ VAR ကို အများဆုံးအသုံးပြုမယ့်အချိန်ဟာ (၄)မိနစ်လောက်သာ ကြာမြင့်နိုင်မယ့်အကြောင်း၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေအတွက် ပရိသတ်တွေ စိတ်ရှည်ဖို့လိုတဲ့အကြောင်းတွေ ထပ်လောင်းပြောကြားခဲ့ပါတယ်။

" Premier League ပြိုင်ပွဲအရပ်ရပ်တွေမှာ VAR စနစ်ကို အနည်းဆုံး(၂)ကြိမ်စီလောက် အသုံးပြုကြဖို့ ခင်ဗျားတို့ မျှော်လင့်နိုင်ပါတယ်။ (၁)ကြိမ်ကို စက္ကန့် ( ၂၀ ) စာလောက်ပဲ ကြာတာမလို့ VAR စနစ်ကြည့်တဲ့အချိန်ဟာ ဂိုးသွင်းလို့အောင်ပွဲခံရတဲ့ အချိန်စာလောက်ပဲ ရှိပါတယ်။

ကျွန်တော့်ရဲ့ဘဝမှာတော့ ဒါဟာ ဘောလုံးအားကစားနည်းအတွက် အခြေခံအကျဆုံး ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။

တကယ်လို့ ခင်ဗျား Cricket, Rugby ကစားနည်းတွေ ကြိုက်နှစ်သဘောကျရင် သူတို့ပွဲစဉ်တွေကို သွားကြည့်လိုက်ပါ။ သူတို့ရဲ့ အားကစားနည်း တိုးတက်ဖို့အတွက် သူတို့ ၅နှစ်ကနေ ၁၀နှစ်အတွင်း အနည်းဆုံး တစ်ခါစီလောက် ပြောင်းလဲမှုလေးတွေ ပြုလုပ်နေပါတယ်။ "

နေ့စဉ်ဘောလုံးပွဲကောင်းတွေကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့....
အင်တာနက်ခေတ်မှာ အပြင်ထွက်ဒိုင်လိုက်ရှာနေစရာမလိုအောင် M Sports မှ အွန်လိုင်းအကောင့်များ ဖွင့်ပေးနေပါတယ်...

🤝ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် အနဲဆုံးဈေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်

အွန်လိုင်းဘောလုံး ကစားခြင်း အားသာချက်များကတော့....
💯 ညနက်ပွဲများ မကစားရမှာကို ပူပင်နေစရာမလို
💯 ပေါက်ကြေးများ အချိန်နှင့်တပြေးညီ သိနိုင်ခြင်း။
💯 ဒိုင် စောစောပိတ်မှာကို မပူရပဲ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုပဲ အချိန်မရွေးကစားနိုင်ခြင်း။
💯 တစ်ပတ် ကို ပွဲပေါင်း ၁၅၀၀ ကျော်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားခြင်း။
💯 နေ့စဉ် ငွေထုတ်လို့လဲရခြင်း။
💯 အကောင့်ဖွင့်ခ လုံးဝပေးစရာမလို...
💢 အပြင်ကြေးမဖွင့်ခြင်း ပွဲချိန်မမှီခြင်း များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမှာ မပူရတော့ပါဘူး 💢
ငွေသွင်းထုတ် #KBZ #KBZ_Pay #CB #Aya #Wave_Money တို့ဖြင့်တရက်တကြိမ် ကြိုက်သလောက်ပမာဏထုတ်နိုင်ပါတယ်..

🙋‍ ခုပဲ M Sports နဲ့ ဆက်သွယ်ပြီး Professional ဆန်ဆန် စတင်လိုက်ကြရအောင်ပါ...

စိတ်ပါဝင်စားရင် အချိန်မရွေး Hi လိုက်ပါ
Phone📱09424651942
Viber💬 +959424651942
messenger 💬 m.me/ibet789.Msports
Web 🌍 https://goldensportmm.com/
ဝန်ဆောင်မှုက M Sports အလုပ်ဖြစ်ပြီး..အရှုံးအနိုင်ကတော့ မန်ဘာကိုယ်တိုင်ရဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင် မိတ်ဆွေများအားလုံး Good Luck ပါ...

No comments:

Post a Comment