Wednesday, July 10, 2019

Nigeria Vs South Africa


Nigeria Vs South Africa ( AFRICA Cup of Nations Quarter-final , 11 July 2019 , 1:30 AM )

Nigeria အသင်းနဲ့ တောင်အာဖရိက အသင်းတို့ရဲ့ အာဖရိကနိုင်ငံများဖလား ပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၁နာရီခွဲတိတိ ၊ Egypt နိုင်ငံ Cairo မြို့ရဲ့ လူပေါင်း ( ၇၅,၀၀၀ ) တိတိဆန့်တဲ့ Cairo International Stadium ကွင်းကြီးထဲမှာ
ယှဉ်ပြိုင်ကစားကြတော့မှာပါ။

Nigeria
➖➖➖➖➖
Nigeria အသင်းကတော့ Group ( B )မှာ Burundi , Guinea , Madagascar တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲရှုံး အုပ်စုဒုတိယအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ (၁၆)သင်းအဆင့် ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ Cameroon အသင်းကို Ighalo , Iwobi တို့ရဲ့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အခုလို Quarter Final အဆင့်ကို တက်လှမ်းလာတာပါ။

Nigeria အသင်းအနေနဲ့ AFCON Quarter Final အဆင့်ကို (၅)ကြိမ်ဆက် တက်လှမ်းလာခဲ့တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ် (၄)ပွဲမှာလည်း (၃)ပွဲအထိ အနိုင်ရထားခဲ့လို့ အထင်ကြီးစရာကောင်းတဲ့ရလဒ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တယ်။

အသင်းရဲ့ပဲ့ကိုင်ရှင် Gernot Rohr အနေနဲ့ Cameroon အသင်းကို ချေမှုန်းခဲ့တဲ့ပွဲစဉ်မှာ ကစားသမားတွေရဲ့ ခြေစွမ်းကောင်းတွေ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်။ အထူးသဖြင့် အဲ့ဒီနေ့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးရရှိခဲ့ Odion Ighalo က ပဲ့ထိန်းသူရဲကောင်းဖြစ်ခဲ့ပြီး Nigeria အသင်းသာ Final အထိတက်လှမ်းနိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဒီနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရရှိဖို့ကိုပါ ရေပန်းစားနေပါတယ်။

Nigeria မှာ Ighalo အပြင် Ahmed Musa နဲ့ ချန်ပီယံလိဂ်ဆုတံဆိပ်ပိုင်ရှင် Alex Iwobi တို့လို ဥရောပထိပ်တန်းကစားသမားတွေ ပါဝင်နေတာကလည်း AFCON ပြိုင်ပွဲမှာ တခြားအသင်းတွေထက် နှာတစ်ဖျားသာနေပါတယ်။

South Africa
➖➖➖➖➖
တောင်အာဖရိက အသင်းကတော့ Group ( D ) မှာ Ivory Coast, Namibia, Morocco တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး Namibia တစ်သင်းတည်းကိုသာ (၁-၀) ရလဒ်နဲ့ အနိုင်ရရှိကာ ရမှတ်(၃)မှတ်၊ အကောင်းဆုံး အုပ်စုတတိယအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့တယ်။

(၁၆)သင်းအဆင့် ပွဲစဉ်မှာတော့ အိမ်ရှင် Egypt အသင်းကို T.Lorch ရဲ့နောက်ဆုံးမိနစ်အသည်းခွဲဂိုးနဲ့ မျက်လှည့်ဆန်ဆန် အနိုင်ယူပြသွားခဲ့ပြီး အခုလို Quarter Final နောက်တစ်ဆင့်ကို တက်လှမ်းလာခဲ့တယ်။

Stuart Baxter ရဲ့ တောင်အာဖရိကအသင်းသားတွေက ပွဲစဉ်တစ်လျှောက်လုံး အကောင်းဆုံးပုံစံတွေ ရှိမနေခဲ့ပေမယ့်လည်း အခုလို Quarter Final အဆင့်အထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာ ချီးကျူးစရာပါ။

တောင်အာဖရိကအသင်းရဲ့ တိုက်စစ်မှူး T.Lorch ကတော့ သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်ထိန်းနိုင်ဖို့လိုအပ်နေပါတယ်။ ဘာလို့ဆို တသင်းလုံးမှာ Zungu နဲ့ T.Lorch (၂)ယောက်တည်း ဂိုးသွင်းနေသေးတာကြောင့်မလို့ပါပဲ။

Nigeria Vs South Africa ( Head to Head )
➖➖➖➖➖➖➖➖➖➖
နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့ ပွဲစဉ်(၁၃)ပွဲမှာ Nigeria အသင်းက (၆)ကြိမ် အနိုင်ရရှိထားပြီး (၅)ကြိမ်သရေကျထားခဲ့ပါတယ်။ ကျန်တဲ့ (၂)ပွဲကိုတော့ တောင်အာဖရိက အသင်းက အနိုင်ရရှိထားပါတယ်။

Nigeria အသင်း နောက်ဆုံးအနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကတော့ (၂၀၁၃)ခုနှစ်ကဖြစ်ပြီး ၂ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ တောင်အာဖရိကအသင်း နောက်ဆုံးအနိုင်ရခဲ့တာကတော့ (၂၀၁၇)ခုနှစ် AFCON ပြိုင်ပွဲမှာဖြစ်ပြီး ၂ဂိုးပြတ်နဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။

အနီးစပ်ဆုံး တွေ့ဆုံခဲ့တဲ့ နောက်ဆုံးပွဲစဉ်ကတော့ (၂၀၁၈) ခုနှစ်ရဲ့ AFCON ပြိုင်ပွဲကြီးမှာပဲဖြစ်ပြီး တစ်ဖက် ၁ဂိုးစီ သရေကျထားခဲ့ပါတယ်။

World Ranking ( FIFA )
➖➖➖➖➖
Nigeria            - 45
South Africa  -  72

Prediction
➖➖➖➖➖
AFCON ရဲ့ ALL-TIME Recordsမှာ Nigeria အသင်းထိပ်ပိုင်းနေရာကို ပြန်ရောက်ချင်ရင်တော့ ဒီနှစ်သူတို့ ဖလားတစ်လုံးရယူပါလိမ့်မယ်။ Ighalo, Iwobiနဲ့ Musa တို့ဦးဆောင်နေတဲ့ လင်းယုန်တို့တစ်သိုက်က အကောင်းဆုံး အစုအဖွဲ့တွေကို ပိုင်ဆိုင်နေပြီး ချန်ပီယံဖြစ်ဖို့အတွက်လည်း အလေးသာနေပါတယ်။

T.Lorch တစ်ယောက်တည်းရုန်းနေရတဲ့  တောင်အာဖရိကအသင်းကကို ကံတရားရဲ့ဖေးမမှုတွေက သိပ်ဆန်းကြယ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် လင်းယုန်တို့ရဲ့ တဟုန်ထိုး ပျံသန်းနေတဲ့ စွမ်းအားက ပိုပြီးမှင်သက်အံ့ဩဖို့ ကောင်းနေပါလိမ့်မယ်။

နေ့စဉ်ဘောလုံးပွဲကောင်းတွေကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့....
အင်တာနက်ခေတ်မှာ အပြင်ထွက်ဒိုင်လိုက်ရှာနေစရာမလိုအောင် M Sports မှ အွန်လိုင်းအကောင့်များ ဖွင့်ပေးနေပါတယ်...

🤝ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် အနဲဆုံးဈေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်

အွန်လိုင်းဘောလုံး ကစားခြင်း အားသာချက်များကတော့....
💯 ညနက်ပွဲများ မကစားရမှာကို ပူပင်နေစရာမလို
💯 ပေါက်ကြေးများ အချိန်နှင့်တပြေးညီ သိနိုင်ခြင်း။
💯 ဒိုင် စောစောပိတ်မှာကို မပူရပဲ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုပဲ အချိန်မရွေးကစားနိုင်ခြင်း။
💯 တစ်ပတ် ကို ပွဲပေါင်း ၁၅၀၀ ကျော်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားခြင်း။
💯 နေ့စဉ် ငွေထုတ်လို့လဲရခြင်း။
💯 အကောင့်ဖွင့်ခ လုံးဝပေးစရာမလို...
💢 အပြင်ကြေးမဖွင့်ခြင်း ပွဲချိန်မမှီခြင်း များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမှာ မပူရတော့ပါဘူး 💢
ငွေသွင်းထုတ် #KBZ #KBZ_Pay #CB #Aya #Wave_Money တို့ဖြင့်တရက်တကြိမ် ကြိုက်သလောက်ပမာဏထုတ်နိုင်ပါတယ်..

🙋‍ ခုပဲ M Sports နဲ့ ဆက်သွယ်ပြီး Professional ဆန်ဆန် စတင်လိုက်ကြရအောင်ပါ...

စိတ်ပါဝင်စားရင် အချိန်မရွေး Hi လိုက်ပါ
Phone📱09424651942
Viber💬 +959424651942
messenger 💬 m.me/ibet789.Msports
Web 🌍 https://goldensportmm.com/
ဝန်ဆောင်မှုက M Sports အလုပ်ဖြစ်ပြီး..အရှုံးအနိုင်ကတော့ မန်ဘာကိုယ်တိုင်ရဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင် မိတ်ဆွေများအားလုံး Good Luck ပါ...

#ပွဲကြိုသုံးသပ်ချက်

1 comment:

  1. Top Casino | Online Casino | Gambie
    The top online casino in the world is CasinoGround. Top Casino | 온라인 카지노 주소 Online Casino | Gambie

    ReplyDelete