Showing posts with label ပွဲကြို. Show all posts
Showing posts with label ပွဲကြို. Show all posts

Wednesday, September 2, 2020

santos vs vasco da gama

 " ​တောင်အ​မေရိကတိုက်ရဲ့ အ​ကျော်ကြားဆုံး ဘရာဇီးစီးရီး​အေ ပွဲစဥ်တစ်ပွဲ "


ဆန်းတို့စ် နဲ့ ဗက်စကိုဒဂါးမား တို့ရဲ့ ဘရာဇီး စီးရီး​အေ ပြည်တွင်းအမှတ်​ပေးလိဂ်ပွဲစဥ် (၇) ကို မနက်ဖြန် မြန်မာစံ​တော်ချိန် မနက် (၇)နာရီတိတိ၊ ဆန်းတို့စ်အိမ်ကွင်းမှာ ယှဥ်ပြိုင်ကစားကြ​တော့မှာပါ။



လက်ရှိအချိန်မှာ​တော့ ဆန်းတို့စ်အသင်းဟာ (၆)ပွဲကစား ရမှတ်(၇)မှတ်နဲ့ အမှတ်​ပေးဇယား အဆင့်(၁၀)​နေရာ ရပ်တည်​နေပြီး ဗက်စကိုဒဂါးမားက​တော့ (၅)ပွဲကစား ရမှတ် (၁၀)မှတ်နဲ့ အမှတ်​ပေးဇယားရဲ့ အဆင့် (၃)​နေရာမှာ ရပ်တည်​နေပါတယ်။


" ဆန်းတို့စ် "


1️⃣ ပွဲစဥ်(၂)ပွဲဆက်တိုက် ရှုံးနှိမ့်ခဲ့မှု​ကြောင့် ဆန်းတို့စ်ဟာ အခုလို အမှတ်​ပေးဇယား​အလယ်အလတ်နားအထိ ​လျှောကျသွားခဲ့ရပါတယ်။

Tuesday, January 21, 2020

Chelsea Vs Arsenal

" လန်ဒန်မြို့က ခြင်္သေ့ပြာနဲ့ အ​မြှောက်တပ် "

Chelsea နဲ့ Arsenal တို့ရဲ့ Premier League ပွဲစဥ်ကို မနက်ဖြန် မြန်မာစံ​တော်ချိန် မနက် ၂နာရီ ၄၅မိနစ်တိတိ၊ စတမ်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးထဲမှာ ယှဥ်ပြိုင်ကစားကြ​တော့မှာပါ။

ခြင်္သေ့ပြာတို့ဟာ အခုချိန်မှာ​တော့ အမှတ်​ပေးဇယားရဲ့ အဆင့်(၄)​နေရာမှာ ရှိ​နေ​ပေမယ့် စ​နေ​နေ့ညတုန်းက Newcastle ကို အ​ရေးနှိမ့်ခဲ့တာမလို့ အဆင့်(၅)​နေရာက ယူနိုက်တက်ကို ထင်သ​လောက် အမှတ်မဖြတ်နိုင်​သေးတာပါ။ ​ပြောရရင် ဒီတစ်ပတ်ကစပြီး ချဲယ်ဆီးဟာ ပွဲကျပ်ကာလ ​ရောက်လာတယ်လို့ဆိုရမှာဖြစ်ပြီး ​နောက်ပွဲစဥ်​၂ပွဲမှာ​တော့ Leicester နဲ့ United တို့ကို ပွဲဆက်​တွေ့ဆုံရပါလိမ့်မယ်။

Sunday, January 19, 2020

Liverpool Vs Man United

" အတက်အကျ ကြမ်းပြ​နေတဲ့ အင်္ဂလန်ဒါဘီ "


ယ​နေ့ ည(၁၁)နာရီတိတိ၊ အန်ဖီးကွင်းမှာဆိုရင် Liverpool နဲ့ Manchester United တို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဥ်ကို ယှဥ်ပြိုင်ကစားကြ​​တော့မှာပါ။

မ​နေ့ညတုန်းက မန်စီးတီး ​ခြေထပ်​​ချော်ခဲ့တာ​ကြောင့် လီဗာပူးလ်အ​နေနဲ့ အတန်အသင့် သက်သာရာရ
သွား​လောက်ပါပြီ။ ဒါ​ပေမယ့် ​ရွှေဖလားတိုက်ပွဲအတွက်​တော့ ​ရှေ့ဆက်ရဦးမှာပါပဲ။

" လီဗာပူးလ် "

အင်္ဂလန်ရဲ့ နန်းကျဘုရင် လီဗာပူးလ်ဟာ အခုအခါမှာ တစ်ချိန်ကသူစွန့်လွှတ်လိုက်ရတဲ့ ဘုရင်ဘွဲ့ကို ပြန်လည်ခံယူဖို့ အ​ကောင်းဆုံးအ​နေအထားတစ်ရပ်မှာရှိ​နေပါပြီ။

Tuesday, January 7, 2020

Manchester United Vs Manchester City

" ဘယ်ပြိုင်ပွဲမှာ​တွေ့​တွေ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီ "

ယူနိုက်တက် နဲ့ မန်စီးတီးတို့ရဲ့ EFL Cup Semi Final ပွဲစဥ်ကို မနက်ဖြန်မြန်မာစံ​တော်ချိန် မနက် ၂နာရီခွဲတိတိ အိုးထရက်ဖို့ကွင်းကြီးထဲမှာ ယှဥ်ပြိုင်ကစားကြ​တော့မှာပါ။

ဖလားနဲ့ ကင်းကွာတာ ၂နှစ်နီးပါးရှိပြီဖြစ်တဲ့ ယူနိုက်တက်အ​နေနဲ့ ဒီရာသီ ဖလားတစ်လုံးလုံးကို ပြန်ယူ​ပေးရဖို့ရှိ​နေပြီး Semi Final အဆင့်အထိ တက်​​ရောက်လာတဲ့ EFL Cup ဟာ အနီးစပ်ဆုံးဖြစ်မှာပါ။

ဒါ့အပြင် ဂွာဒီယိုလာကလည်း လီဗာပူးလ်အသင်းရဲ့​​နောက် တစ်ပွဲပိုကစား ၁၄မှတ်အကွာမှာသာ ရပ်တည်ထားတာ​ကြောင့် ဒီရာသီ Premier

Sunday, August 25, 2019

Bournemouth Vs Man City


" ချယ်ရီသီးတို့ အကြွေရပ်တော့မှာလား "

" Bournemouth "

▪︎ပြီးခဲ့တဲ့ Aston Villaအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ Bournemouth အသင်းအတွက် ဒီ၂၀၁၉ခုနှစ်ရဲ့ စတုတ္ထမြောက်နိုင်ပွဲဖြစ်ပါတယ်။

▪︎ကြီး၆ကြီးနဲ့ နောက်ဆုံး ၁၅ကြိမ်တွေ့ဆုံမှုမှာ ၁၃ကြိမ်အထိ ရှုံးနှိမ့်ထားပါတယ်။

Friday, August 23, 2019

Liverpool Vs Arsenal


" တောင်ပံတစ်ချက်ခတ်တိုင်း၊ အမြှောက်တစ်ခါထုတိုင်း ဂိုးသွင်းနိုင်ဦမလား ? "

" သတိထားရမယ့် အချက်အလက်များ "

▪︎ Liverpool အသင်းကို Jurgen Klopp နည်းပြတဲ့ လေးနှစ်တာကာလအတွင်း ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ နှစ်သင်းပေါင်း သွင်းဂိုး (၃၅)ဂိုးအထိ ရှိထားခဲ့တယ်။

Thursday, July 11, 2019

Madagascar Vs Tunisia


Madagascar Vs Tunisia ( AFRICA Cup of Nations Quarter Final, 12 July 2019 , 1:30 AM )

Madagascar အသင်း နဲ့ Tunisia အသင်းတို့ရဲ့ အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၁နာရီခွဲတိတိ၊ Egypt နိုင်ငံ Al-Salam မြို့ရဲ့လူပေါင်း (၃၀,၀၀၀) တိတိဆန့်တဲ့ ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာ

Wednesday, July 10, 2019

Nigeria Vs South Africa


Nigeria Vs South Africa ( AFRICA Cup of Nations Quarter-final , 11 July 2019 , 1:30 AM )

Nigeria အသင်းနဲ့ တောင်အာဖရိက အသင်းတို့ရဲ့ အာဖရိကနိုင်ငံများဖလား ပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၁နာရီခွဲတိတိ ၊ Egypt နိုင်ငံ Cairo မြို့ရဲ့ လူပေါင်း ( ၇၅,၀၀၀ ) တိတိဆန့်တဲ့ Cairo International Stadium ကွင်းကြီးထဲမှာ

Sunday, July 7, 2019

Brazil အသင်းကို Peru အသင်း အနိုင်ရရှိသွားနိုင်တဲ့ အချက်(၃)ချက်

Brazil အသင်းနဲ့ Peru အသင်းတို့ရဲ့ Copa America ဖလား Final နောက်ဆုံးပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန်မနက် ၂နာရီခွဲ တိတိ Brazil နိုင်ငံ၊ Rio de Janeiroမြို့ရဲ့ လူပေါင်း ( 78,838 ) ဦးဆံ့တဲ့ Maracanã ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာပါ။

Peru အသင်းက ဒီနှစ် Copa America ဖလား အုပ်စုပွဲစဉ်တွေမှာ Bolivia တစ်သင်းတည်းကို

Saturday, July 6, 2019

Argentina Vs Chile

Argentina Vs Chile ( Copa America 3rd Place , 7 July 2019 , 1:30 am )

Argentina အသင်းနဲ့ Chile အသင်းတို့ရဲ့ Copa America တတိယနေရာလုပွဲ ပွဲစဉ်ကို မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၁နာရီခွဲတိတိ၊ Brazil နိုင်ငံ São Paulo မြို့ရဲ့ လူ ( ၄၉,၂၀၅ ) ဦးဆံ့တဲ့ Arena Corinthians ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာပဲ ဖြစ်ပါတယ်။

Argentina
➖➖➖➖➖➖➖
အုပ်စုအဖွင့်ပွဲစဉ်မှာ Colombia အသင်းကို ၂ဂိုးပြတ်ရှုံးနှိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်မှာလည်း Paraguay အသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရမလိုတောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အာဂျင်တိုင်းသားတို့ရဲ့ ကြမ္မာက Qatar နဲ့ ပွဲစဉ်မှာ မျက်နှာသာစတင်ပေးခဲ့ပြီး Quarter Final အဆင့်မှာလည်း Venezuela အသင်းကို ၂ဂိုးပြတ်အနိုင်ရလဒ်နဲ့ ထိုက်ထိုက်တန်တန်ဖြတ်ကျော်ကာ Semi-Final အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် Semi-Final ပွဲစဉ်မှာတော့ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့ အိမ်ရှင် Brazil အသင်းကို အရှုံးပေးခဲ့ရပြီး အခုလို တတိယနေရာလုပွဲကို ရောက်ရှိလာခဲ့တာပါ။

 Argentina အသင်းကတော့ တိုက်စစ်ပိုင်းမှာ Aguero , Messi, Suarez , Martinez, Dybala တို့ ရှိနေပြီး လက်ရှိပြိုင်ပွဲမှာရှိနေတဲ့ ဘယ်အသင်းရဲ့ တိုက်စစ်ထက်မဆို ပိုမိုတောင့်တင်းပါတယ်။ ဒါပေမယ့် Argentina အသင်းရဲ့ဂိုးသမား၊ ခံစစ်နဲ့ ကွင်းလယ်တွေမှာတော့ အတွေ့အကြုံနုနယ်သေးတဲ့ ကစားသမားတွေသာဖြစ်တာကြောင့် အခုလို ကစားကွက်တွေပျက်နေခဲ့ရပြီး အခြေအနေတွေ ဆိုးဝါးခဲ့ရတာပါ။

အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး Messi အနေနဲ့ ဒီနှစ် Copa America ပွဲစဉ်တွေမှာ ပင်နယ်တီ သွင်းဂိုး တစ်ဂိုးသာ ရရှိထားခဲ့တာကလည်း Argentina တို့ရဲ့ ရလဒ်ပိုင်းကို ထိခိုက်စေမယ်ထင်ပါတယ်။

Chile
➖➖➖➖
လက်ရှိ Copa America Champion Chile အသင်းကတော့ အုပ်စုအဆင့်မှာ Uruguay တစ်သင်းတည်းကို ရှုံးနှိမ့်ခဲ့ပြီး အုပ်စုဒုတိယအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ Quarter Final ပွဲစဉ်မှာတော့ Colombia အသင်းနဲ့တွေ့ဆုံခဲ့ပြီး ဂိုးမရှိသရေ ကျခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်နဲ့ Semi-Final အဆင့်ကိုတက်လှမ်းခဲ့တာပါ။

Semi-Final ပွဲစဉ်မှာတော့ သူတို့ရဲ့ သမိုင်းကြောင်း အစဉ်အလာ ပြိုင်ဘက် Peru အသင်းနဲ့တွေ့ဆုံခဲ့ပြီး ဂိုးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းချက်အသာတွေနဲ့ ကစားနိုင်ခဲ့ပေမယ့် တစ်လုံးမှ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘဲ ၃ဂိုးပြတ်နဲ့ ခါးသီးပြိုင်ဘက်ကို ဒူးထောက်အရှုံးပေးခဲ့ရကာ အခုလို တတိယနေရာလုပွဲ ပွဲစဉ်ကို ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိ Chile အသင်းကတော့ သူတို့ရဲ့ ဘောလုံးသမိုင်းတလျှောက် အတောက်ပဆုံး ရွှေရောင်မျိုးဆက်တွေကို ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ Copa America ပြိုင်ပွဲ၂ခုရဲ့ ကစားသမားတွေ အများစုပါဝင်ထားခဲ့ပါတယ်။

အသင်းလိုက် ကစားတတ်တဲ့ အသင်းဖြစ်ပြီး အဓိက အားထားရတဲ့ ကစားသမားကတော့ Alaexis Sanchez ဖြစ်တယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေနဲ့ အကောင်းခြေစွမ်းပြသထားပါတယ်။

World Ranking ( FIFA )
➖➖➖➖➖➖➖
Argentina - 12
Chile - 16

Prediction
➖➖➖➖➖➖➖
Chile အသင်းရဲ့ ရွှေအိုရောင်မျိုးဆက် တချို့အတွက် ဒီပြိုင်ပွဲက နောက်ဆုံး ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ Champiom ၃ကြိမ်ဆက် ဖြစ်ခွင့် မျှော်လင့်ချက် မရှိတော့ပေမယ့်လည်း ဂုဏ်သိက္ခာပိုင်းအတွက် ဒီပွဲကို အားသွန်ခွန်စိုက် ကစားလာဖို့ရှိနေပါတယ်။

Argentina အသင်းကတော့ ဆရာများသားသေ ဆိုတဲ့ စကားပုံလို ဖြစ်နေလေရော့မလား။ ပင်ကိုအရည်အချင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ ပါဝင်နေပေမယ့် အသင်းလိုက်ချိတ်ဆက်မှု အားကတော့ Chile အသင်းကို မမီနိုင်တာ အမှန်ပါပဲ။

ဒီနေ့ပွဲအတွက် အသင်းလိုက်ကစားတတ်တဲ့ Chile အသင်းတွေဘက်က ရပ်တည်ရင်း မနက်ဖြန်ပွဲမှာ ပြန်လည်ဆုံတွေ့ချင်ပါတယ်။

နေ့စဉ်ဘောလုံးပွဲကောင်းတွေကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့....
အင်တာနက်ခေတ်မှာ အပြင်ထွက်ဒိုင်လိုက်ရှာနေစရာမလိုအောင် M Sports မှ အွန်လိုင်းအကောင့်များ ဖွင့်ပေးနေပါတယ်...

🤝ကိုယ်စားလှယ် ပြန်လုပ်လိုသူများအတွက် အနဲဆုံးဈေးနုန်းဖြင့် ဝန်ဆောင်မှု ရယူလက်တွဲနိုင်ပါတယ်

အွန်လိုင်းဘောလုံး ကစားခြင်း အားသာချက်များကတော့....
💯 ညနက်ပွဲများ မကစားရမှာကို ပူပင်နေစရာမလို
💯 ပေါက်ကြေးများ အချိန်နှင့်တပြေးညီ သိနိုင်ခြင်း။
💯 ဒိုင် စောစောပိတ်မှာကို မပူရပဲ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုပဲ အချိန်မရွေးကစားနိုင်ခြင်း။
💯 တစ်ပတ် ကို ပွဲပေါင်း ၁၅၀၀ ကျော်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားခြင်း။
💯 နေ့စဉ် ငွေထုတ်လို့လဲရခြင်း။
💯 အကောင့်ဖွင့်ခ လုံးဝပေးစရာမလို...
💢 အပြင်ကြေးမဖွင့်ခြင်း ပွဲချိန်မမှီခြင်း များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမှာ မပူရတော့ပါဘူး 💢
ငွေသွင်းထုတ် #KBZ #KBZ_Pay #CB #Aya #Wave_Money တို့ဖြင့်တရက်တကြိမ် ကြိုက်သလောက်ပမာဏထုတ်နိုင်ပါတယ်..

🙋‍ ခုပဲ M Sports နဲ့ ဆက်သွယ်ပြီး Professional ဆန်ဆန် စတင်လိုက်ကြရအောင်ပါ...

စိတ်ပါဝင်စားရင် အချိန်မရွေး Hi လိုက်ပါ
Phone📱09424651942
Viber💬 +959424651942
messenger 💬 m.me/ibet789.Msports
Web 🌍 https://goldensportmm.com/
ဝန်ဆောင်မှုက M Sports အလုပ်ဖြစ်ပြီး..အရှုံးအနိုင်ကတော့ မန်ဘာကိုယ်တိုင်ရဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။

ဘောလုံးဝါသနာရှင် မိတ်ဆွေများအားလုံး Good Luck ပါ...

#ပွဲကြိုသုံးသပ်ချက်